 
                    ကိုယ်၀န်တားတဲ့နည်းလမ်းတွေထဲမှာ ဝိတ်တက်စေတဲ့ တားဆေးမျိုးတွေရှိတာ လူနာတော်တော်များများသိကြပါတယ်။ အများသိတဲ့ ဝိတ်တက်တဲ့ တားဆေးဆိုရင် ဥပမာ - ၃ လခံတားဆေးထိုးတာမျိုးပါ။
အမျိုးသမီးအများစုက ဝိတ်တက်တာဟာ သူတို့အတွက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ဒါကြောင့် ဝိတ်တက်တာမကြိုက်တဲ့သူဆို ကိုယ်အလေးချိန်ပေါ်သက်ရောက်မှုသိပ်မရှိတဲ့ တားဆေးနည်းလမ်းမျိုးကို ရွေးချယ်တတ်ကြပါတယ်။
ဒါဆို ကြာရှည်ခံသားဆက်ခြားနည်းလမ်းတွေထဲက သားအိမ်တွင်းထည့်တဲ့သန္ဓေတားပစ္စည်းကရော
၀စေနိုင်သလားဆိုတာ လေ့လာကြည့်ကြရအောင်။
သားအိမ်တွင်းထည့်တဲ့ သန္ဓေတားပစ္စည်းက ကြေးနီနဲ့လုပ်တဲ့ ကိုယ်၀န်တားပစ္စည်းနဲ့ ဟော်မုန်းပါတဲ့ ကိုယ်၀န်တားပစ္စည်းဆိုပြီး အမျိုးအစား ၂ မျိုးခွဲထားပါတယ်။
ကြေးနီနဲ့လုပ်ထားတဲ့ သားဆက်ခြားပစ္စည်းက
ထည့်ပြီးတဲ့အခါ ခါးနာတာ၊ ဗိုက်အောင့်တာ၊ ရာသီသွေးအပြောင်းအလဲရှိတာ၊ အဖြူဆင်းတာ၊ သွေးအားနည်းတာ၊ မိန်းမကိုယ်လမ်းကြောင်းရောင်တာ၊ လိင်ဆက်ဆံတဲ့အခါ နာကျင်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေတချို့ရှိတတ်ပေမယ့် ကိုယ်အလေးချိန်ပေါ်သက်ရောက်ပြီး ဝိတ်တက်စေတဲ့ Side effect မျိုးတော့မရှိပါဘူး။
ဒါပေမယ့် ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရာသီသွေးအပြောင်းအလဲရှိတာ၊ ၀က်ခြံထွက်တာ၊ ခေါင်းကိုက်တာ စတဲ့ ဘေးထွက်ဆိုးကျိုးအပြင် ကိုယ်အလေးချိန်ပေါ်အနည်းငယ်သက်ရောက်စေလို့ ဝိတ်လေးနည်းနည်းတော့တက်စေပါတယ်။ 2020 မှာ လုပ်ထားတဲ့ research တစ်ခုအရ ကြေးနီနဲ့လုပ်ထားတဲ့ သားဆက်ခြားပစ္စည်းရယ်၊ ဟော်မုန်းနဲ့လုပ်ထားတဲ့သားဆက်ခြားပစ္စည်းရယ် 2 ခုကို ယှဉ်ကြည့်တဲ့အခါမှာ သားဆက်ခြားပစ္စည်းထည့်ပြီး 1 နှစ်ကြာတဲ့အခါ ကြေးနီနဲ့လုပ်ထားတဲ့ သန္ဓေတားပစ္စည်းထည့်တဲ့သူမှာ ဝိတ်တက်တာမျိုးမရှိပဲ ဟော်မုန်းနဲ့လုပ်ထားတဲ့ သန္ဓေတားပစ္စည်းထည့်တဲ့သူမှာတော့ ကိုယ်အလေးချိန် 1 ပေါင်ကျော်ကျော်လောက်တက်လာတာတွေ့ရှိခဲ့ရပါတယ်။
Reference from;
Call now to consult with qualified doctors for your contraceptive needs in private and confidentially
        09 89 333 2233
        09 43111 0000
        
      Find a clinic near you
 
            
