သားအိမ်တွင်းထည့်တဲ့ သားဆက်ခြားနည်းဆိုတာ ကြာရှည်ခံသားဆက်ခြားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သားအိမ်ထဲထည့်တဲ့သားဆက်ခြားပစ္စည်းတွေဟာ copper ကြေးနီနဲ့လုပ်တာရှိသလို
ဟော်မုန်းပါတဲ့ သားဆက်ခြားပစ္စည်းလည်းရှိပါတယ်။ ကိုယ်ထည့်တဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းရဲ့အမျိုးအစားကိုလိုက်ပြီး ကိုယ်၀န်ကို ၅ နှစ်ကနေ ၁၀ နှစ်ထိကာကွယ်ပေးနိုင်ပါတယ်။
သားအိမ်တွင်းထည့်တဲ့ သားဆက်ခြားပစ္စည်းဟာ ကိုယ်၀န်ရှိမနေတာ သေချာတယ်ဆိုရင်၊ သားအိမ်ကပုံမှန်အနေအထားပဲဆိုရင် ဘာပြဿနာမှမရှိဘူးဆိုရင်ထည့်လို့ရပါတယ်။ ဒီလို ထည့်ပြီးတဲ့အခါ ဘယ်လောက်အကြာမှာ အတူနေလို့ရလဲဆိုတာကတော့ ထည့်ထားတဲ့ ပစ္စည်းအမျိုးအစားပေါ်မှာမူတည်ပါတယ်။ Copper ကြေးနီနဲ့လုပ်ထားတဲ့ ကိုယ်၀န်တားပစ္စည်းဆိုရင်တော့ ထည့်ပြီးတာနဲ့ အာနိသင်ရလို့ အရေးပေါ်တားဆေးနည်းလမ်းမှာတောင် တခါတလေအသုံးပြုတတ်ကြပါတယ်။ Copper နဲ့လုပ်ထားတဲ့ ပစ္စည်းထည့်ရင်တော့ ထည့်ပြီးရင် အကာကွယ်သုံးစရာမလိုပါဘူး။
ဟော်မုန်းပါတဲ့ သန္ဓေတားပစ္စည်းကို ထည့်တာဆိုရင်တော့ ရာသီစလာတဲ့ရက်ကနေစပြီး
၅ ရက်အတွင်းထည့်ရင် ထည့်ပြီးတဲ့အခါ အကာကွယ်သုံးဖို့မလိုပေမယ့် တကယ်လို့ ၅ ရက်ကျော်သွားပြီးမှ ထည့်တာဆိုရင်တော့ ထည့်ပြီး ပထမတစ်ပတ်ကို အကာကွယ်သုံးဖို့လိုပါလိမ့်မယ်။
ဘာလို့လဲဆို ဟော်မုန်းသားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်းက တစ်ပတ်နေမှ အာနိသင်ရတာမို့လို့ပါ။
ထည့်ပြီးတဲ့အခါမှာလည်း သန္ဓေတားပစ္စည်းကို
နေရာမရွေ့အောင်၊ ပြုတ်မကျအောင် ကြိုးစကိုစမ်းစမ်းပေးနေဖို့လိုပါတယ်။ ဒီလို အဖြစ်မျိုးတွေသာ
မရှိဘူးဆိုရင် သင့် သန္ဓေတားပစ္စည်းက ကိုယ်၀န်
မရအောင် 99% လောက်ထိကို ကာကွယ်ပေးနိုင်မှာပါ။
Reference from;
Call now to consult with qualified doctors for your contraceptive needs in private and confidentially
09 89 333 2233
09 43111 0000
Find a clinic near you