 
                    သားအိမ်တွင်းထည့်တဲ့ သန္ဓေတားပစ္စည်းဆိုတာ
ကြာရှည်ခံသားဆက်ခြားပစ္စည်းတွေထဲကတစ်ခုပါပဲ။ ဒီသားအိမ်တွင်းထည့်ရတဲ့ သားဆက်ခြားပစ္စည်းနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ပြောပြသွားပေးချင်ပါတယ်။
1) ရာသီစက်၀န်းကိုရော သက်ရောက်မှုရှိနိုင်လား ?
သားအိမ်တွင်း သားဆက်ခြားပစ္စည်းထည့်ပြီးတဲ့အခါ ရာသီရက်ရှည်တာ၊ ရာသီလာတာများတာ
စသဖြင့်ဖြစ်တတ်ပါတယ်။
2) တစ်ခါမှ ကိုယ်၀န်မဆောင်ဖူးတဲ့သူတွေမှာရော ထည့်လို့ရလား?
တစ်ခါမှ ကိုယ်၀န်မဆောင်ဖူးတဲ့သူတွေမှာ သားအိမ်တွင်းသားဆက်ခြားပစ္စည်းထည့်ရင်တော့
ထွက်ကျတာမျိုးတွေ တချို့တလေရှိတတ်ပါတယ်။
ဘာလို့လဲဆို ကိုယ်၀န်ဆောင်ဖူးတဲ့သူထက်စာရင် သားအိမ်က သေးနေတဲ့အတွက်ကြောင့်ပါပဲ။
3) လိင်ဆက်ဆံတဲ့အခါရော အနှောင့်အယှက်ဖြစ်နိုင်လား?
သားဆက်ခြားပစ္စည်းက သားအိမ်တွင်း သူ့ရှိရမယ့်နေရာမှာသာ ရှိနေရင် လိင်ဆက်ဆံတဲ့အခါမှာ ခံစားမိတာမျိုးတွေမရှိပါဘူး။ တကယ်လို့ သန္ဓေတားပစ္စည်းကို ခံစားမိတာမျိုးတွေရှိနေပြီဆိုရင်တော့ ဆရာ၀န်နဲ့ပြန်ပြသင့်ပါတယ်။
4) သားအိမ်တွင်းထည့်တာက ဘယ်နှနှစ်လောက်ခံလဲ ?
ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းတွေကတော့ 5 နှစ်လောက်ထိခံပြီး Copper
ကြေးနီနဲ့လုပ်ထားတဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းကတော့ 10 နှစ်လောက်ထိခံပါတယ်။
5) သားအိမ်တွင်းထည့်ထားတဲ့ပစ္စည်းက တခြားနေရာတွေရော ရောက်သွားနိုင်လား?
သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းက တခြားနေရာကို ရောက်တာမျိုးတွေကတော့ မရှိတတ်ပါဘူး။ ဒါပေမယ့် တခါတလေ ထည့်တုန်းက
လွဲမှားတာတွေရှိခဲ့ရင် သားအိမ်နံရံကို ဖောက်ပြီး
ဗိုက်ခေါင်းထဲရောက်တာမျိုးတွေတော့ရှိနိုင်ပါတယ်။
ဒီလိုမျိုးဆိုရင် ချက်ချင်းထုတ်ဖို့လိုပါတယ်။
6) ဘယ်အချိန်မှာ သားအိမ်တွင်းထည့်တာ လုပ်လို့ရမလဲ? ကိုယ်၀န်လိုချင်လာရင်ရော ထုတ်တာနဲ့ ကိုယ်၀န်ပြန်ရနိုင်လား?
ကိုယ်၀န်မရှိတာသာ သေချာရင် ရာသီစက်၀န်းရဲ့ ဘယ်ရက်မှာမဆိုထည့်လို့ရပါတယ်။ ကိုယ်၀န်ဆောင်ချင်လာပြီဆိုရင်လည်း ထုတ်တာနဲ့ တခြားသားဆက်ခြားနည်းတွေလို သိပ်မစောင့်ရပဲ ကိုယ်၀န်ရနိုင်ပါတယ်။
ဒါတွေကတော့ သားအိမ်တွင်းထည့် သားဆက်ခြားနည်းနဲ့ပတ်သက်ပြီး အမေးများတဲ့အရာတွေပါပဲ။
Reference from;
Intrauterine Device (IUD) - FAQ - Questions & Answers
Call now to consult with qualified doctors for your contraceptive needs in private and confidentially
        09 89 333 2233
        09 43111 0000
        
      Find a clinic near you
 
            
